နမ့်စန်တွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေများပေးအပ်
နမ့်စန်(တ) ဇန်နဝါရီ ၃
နမ့်စန်(တ) ဇန်နဝါရီ ၃
နမ့်ဆန် ဇန်နဝါရီ ၃
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြန်မာနိုင်ငံ တအာင်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ၏ (၂) နှစ်ပြည့် တတိယနေ့ ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် (၉) နာရီက မြန်မာနိုင်ငံတအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီရုံးခန်းမ၌ ကျင်းပသည်။
မိုင်းကိုင် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ (၇၂) နှစ်မြောက် ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းကိုယ်စားပြု ကျောင်းသား ကျောင်းသူ (၁၂)ဦး က မြို့နယ်အဆင့်အဖြစ် ကျွန်ုပ်သာ ဆရာဝန် တစ်ဦးဖြစ်ခဲ့သော်၊ ကျွန်ုပ်သာကျောင်း ဆရာတစ်ဦးဖြစ်ခဲ့သော်၊ ကျွန်ုပ်သာ အောင်ဘာလေသိန်းထီဆုကြီး ပေါက်ခဲ့သော် ဟူသောခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဝမ်းတွင်း ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲနေ့ အထိမ်းအမှတ် နွားပြိုင်ပွဲများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၃) ရက်နေ့မှ စတင်ကာ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
မြဝတီ ဇန်နဝါရီ ၃
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကော့ကရိတ်-မြဝတီအာရှလမ်း၊ ကွမ်းခြံကွေ့နေရာတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မှ မြဝတီသို့ မောင်းနှင်လာသည့် အလင်းရောင်မိုး မှန်လုံယာဉ်နှင့် မြဝတီမှထွက်ခွာသည့် ပရိုဘောက်ယာဉ်နှင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၄ ဦး အထိ ရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုတွင် ပရိုဘောက်ယာဉ်ပေါ်ပါ ၇ ဦးလုံးသေဆုံးခဲ့ပြီး မှန်လုံယာဉ်နှင့် ပရိုဘောက်ယာဉ်မှ သေဆုံးသူ ကျား ၁၂ ၊ မ ၆ ဦး စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
နေပြည်တော် ဇန်နဝါရီ ၃
ကျောင်းသားလူငယ်များ လွတ်လပ်ရေးနေ့သမိုင်းကြောင်းကို သိရှိစေရန်၊ လွတ်လပ်ရေးကို အမြဲအမှတ်ရစေရန်နှင့် တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၉) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
စစ်ကိုင်း ဇန်နဝါရီ ၃
စစ်ကိုင်းခရိုင်ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ လူအုပ်စုတိုင်း ကလေးတိုင်းသို့ ရောက်ရှိစေရန် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၁) နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မော်လိုက် ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျင်းပသည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးကျန်းမာရေးပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဗန်းမောက် ဇန်နဝါရီ ၃
ကသာခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပသော ခရိုင် အား/ကာကော်မတီ ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသမီးလူငယ်ဘောလုံးပြိုင်ပွဲတွင် ဗန်းမောက်အသင်းက ပထမ နေရာရရှိ ခဲ့သောကြောင့် ယနေ့ နံနက် ၁၀ နာရီက ကြိုဆိုခဲ့ကြောင်း သိရသည်။
လောက်ကိုင် ဇန်နဝါရီ ၃
ကိုးကန့်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂)တပ်မတော်အခြေခံ ပညာ အထက်တန်းကျောင်း ခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်တွင် ပညာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် နံရံကပ်စာစောင် ၊ စာအုပ်စာစောင်ပြပွဲ အခမ်းအနားကို ကျင်းပပြု လုပ်ခဲ့သည်။
Copyright 2020