ရေစကြို ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် စပ်မျိုးပြောင်း (စီပီပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ စီပီပြောင်းခူးချွေရောင်းချချိန် ဈေးနှုန်းကောင်းရန် စပ်မျိုးပြောင်း(စီပီ)စိုက် ကျွန်းတောင်သူများဈေးနှုန်းကောင်းရရန် မျှော်လင့်နေကြကြောင်း ဗလဗကျေးရွာ စပ်မျိုးပြောင်း (စီပီ)စိုက်တောင်သူ ဦးဖိုးကျော်ထံကသိရသည်။
ရေစကြိုမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများသည် ဧရာဝတီမြစ်ရေကျချိန်ကိုင်းကျွန်း မြေများပေါ်လာချိန် သီးနှံအမျိုးမျိုးဖြစ်သည့် ဗာဂျီးနီးယားဆေးရွက်ကြီး၊ ပဲဇီးကွက်၊ ကုလားပဲ၊ စားတော်ပဲ၊ သစ္စာပန်း၊ ဂန္ဓာပန်း ၊ ပဲပိစပ်၊ ငရုပ်၊ မိုးကြက်သွန်နီ၊ ဆောင်းကြက်သွန်နီ၊ သကြားပြောင်းဖူးနှင့် နှမ်းအမျိုးမျိုးစိုက်ပျိုးကြကာ စိုက်ပျိုးသည့်သီးနှံများအား မြေအောက်ရေတူးဖော်ကာ ရေလောင်းရေသွင်းစိုက်ပျိုးကြကြောင်း ၊ မြစ်ရေကျ ကိုင်းကျွန်းမြေဖြစ်တာကြောင့် စိုက်ပျိုးသည့် သီးနှံတိုင်းအောင်မြင်ဖြစ်ထွန်းကာ ယခုနှစ်ဆောင်းရာသီမတိုင်မှီအချိန် သီတင်းကျွတ်၊ တန်ဆောင်မုန်းလက စိုက်ပျိုးထားသည့် စပ်မျိုးပြောင်း(စီပီ)များ အောင်မြင်ဖြစ်ထွန်းကာ အဖူးများလည်းသန်မာထွားကြိုင်းပြီး စီပီပြောင်းဖူးများခူဆွတ်ချွေရောင်းချိန် မနှစ်ကထက်ဈေးနှုန်းပိုရရန်စီပီပြောင်းစိုက်တောင်သူများမျှော်လင့်နေကြကြောင်း ငါးမြှာလေးကျေးရွာ စပ်မျိုးပြောင်း(စီပီ)စိုက်တောင်သူ ဦးဇော်ဝင်းကပြောကြားသည်။
စပ်မျိုးပြောင်း(စီပီ)တံဆိပ်များ ဆယ်မျိုးခန့်ရှိပြီး ရာသီမရွေးစိုက်ပျိုးနိုင်ကြကာ ရေသွင်းစိုက်ပျိုးကြကြောင်း၊ ဆောင်းရာသီနှင့်နွေရာသီသာ စပ်မျိုးပြောင်း(စီပီ)ပြောင်းများစိုက်ပျိုးကြပြီး ဆောင်းရာသီစိုက်ပျိုးသည့် စပ်မျိုးပြောင်းများ အပင်ဖြစ်ထွန်းဖွံ့ဖြိုးကြီးထွားမှုများကာ၊ နွေရာသီစိုက်ပျိုးသည့် စပ်မျိုးပြောင်းများ ဆောင်းရာသီစိုက်(စီပီ)ပြောင်းလောက် ဖွံ့ဖြိုးမှုအားနည်းကြောင်း ၊ ပေါ်လာသည့် စပ်မျိုးပြောင်း(စီပီ)များအား ပခုက္ကူဈေးကွက်ကုန်သည်ပွဲစားများထံသို့ ရောင်းချကြကာ မနှစ်ကစပ်မျိုးပြောင်း(စီပီ)တစ်တင်းလျှင် ကိုးထောင်ကျပ်ရောင်းချခဲ့ရကြောင်း၊ စီပီပြောင်းတစ်တင်းလျှင် ဆယ့်ရှစ်ပိသာရှိကြောင်းသိရကာ ယခုနှစ် စပ်မျိုးပြောင်းပေါ်ချိန် မနှစ်ကထက် ဈေးနှုန်းပိုရရန်မျှော်လင့်နေကြကြောင်းသိရပြီး ၊ နွေရာသီထွက်စပ်မျိုးပြောင်း(စီပီ) တစ်တင်းလျှင် ၇၁၀၀ကျပ်ဈေးဖြစ်နေကြောင်း ပခုက္ကူမြို့ ၊ နီလာပွဲရုံပိုင်ရှင် ဦးဗိုလ်ကြီးနိုင်ကရှင်းပြ၍သိရသည်။
ကိုထိန်(ငါ့သရောက်)