သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀) သို့ သွားရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ်ကိုယ်စားပြု တိုင်းရင်းသား အလှမယ် ရွေးချယ်ပြိုင်ပွဲ ကျင်းပ
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ (၇) ရက်နေ့အထိ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းအတွင်း ကျင်းပပြုလုပ်မည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀)သို့ သွားရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ် ကိုယ်စားပြု တိုင်းရင်းသားအလှမယ်ရွေးချယ်ပြိုင်ပွဲကို ယမန်နေ့ ည ၇ နာရီက လွိုင်ကော်မြို့ ၊ ကယားပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။