မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဦးဆောင်မှုဖြင့် မြန်မာရိုးရာ မြင်းစီးအားကစားပြိုင်ပွဲ မိတ္ထီလာမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ဦးဆောင်မှုဖြင့် ခရိုင်မြင်းစီးအား ကစားအသင်းက ကြီးမှူး၍ မြို့နယ်(၁၁)မြို့နယ်မှ မြင်းစီးကလပ် ၂၆ ခုမှ မြင်းစီးအားကစားသမားများက (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲကို မိတ္ထီလာမြို့နယ် မကျီးချောက်ကျေးရွာတွင် ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။