မြစိမ်းရောင်စီမံကိန်း ကျေးရွာ(၂)ရွာသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

စဉ့်ကူး ဇန်နဝါရီ  ၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်းကျေးရွာ(၂) ရွာသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ နှစ်(၃၀)ပြည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

 

ခန္တီးမြို့၌ နှစ်(၃၀)ပြည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ခန္တီး      ဇန်နဝါရီ            ၃

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု(ဗဟို)ကို ၁၉၉၀ ခုနှစ်တွင် စတင်ဖွဲ့စည်း ထူထောင်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် နှစ် (၃၀) ပြည့်မြောက် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကို ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ သုံးရက်တိုင် နာဂရိုးရာကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြို မီနီမာရသွန် အပြေးပြိုင်ပွဲကျင်းပ

 

အမရပူရ    ဇန်နဝါရီ        ၃

(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့  အထိမ်းအမှတ် မီနီမာရသွန် အပြေးပြိုင်ပွဲကို အမရပူရမြို့နယ်တွင် ယနေ့ နံနက် ၅ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မီနီမာရသွန်အပြေးပြိုင်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မြင့် ၊ မြို့မိမြို့ဖ ဦးတင်ထွဋ် ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖေသက်ထွန်း နှင့် ဝန်ထမ်းများ ၊ မြို့နယ်အားကစားမှူး ဒေါ်အေးအေးခိုင်နှင့် ပြိုင်ပွဲဝင်အားကစားသမားများ ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

 

မတ္တရာ ဇန်နဝါရီလ ၃

မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်ခရိုင် မတ္တရာမြို့နယ် အထက(ခွဲ) တံငါမြောက်တွင် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်  ၉နာရီက အဆိုပါ ကျောင်း၌ ကျင်းပပြု လုပ်ခဲ့သည်။

ရွှေဘိုမြို့တွင်(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကျင်းပ

 

ရွှေဘို    ဇန်နဝါရီ    ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ယနေ့ နံနက် ၉ နာရီက (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပသည်။

လှိုင်းဘွဲမြို့နယ် အမှတ်(၃) မူလတန်း(လွန်)ကျောင်းတွင် ဆုချီးမြှင့်ခြင်းနှင့် ပညာရေး စုံညီပွဲတော် အခမ်းအနား ကျင်းပ

လှိုင်းဘွဲ   ဇန်နဝါရီ     ၃

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အမှတ်(၃) အခြေခံပညာမူလတန်း (လွန်)ကျောင်းနှင့် ကျောင်းသား မိဘများ ပူးပေါင်းကျင်းပသော ၂၀၁၉-၂၀၂၀ပညာသင်နှစ် ဆုချီးမြှင့်ခြင်းနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၃)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ

 

စေတုတ္တရာ    ဇန်နဝါရီ     ၃

 မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ ပညာရေးဌာနနှင့် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲများကို ယနေ့ နံနက်(၉)နာရီက မြို့နယ်အားကစားကွင်း၌ စတင်  ကျင်းပပြုလုပ်ခဲ့သည်။

အားကစားပြိုင်ပွဲများကို အားကစားနည်း (၁၇)မျိုးဖြင့် စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ ကျောင်းသား/ ကျောင်းသူများနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွား

မြဝတီ ဇန်နဝါရီ ၃

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းခြံကုန်းကွေ့တွင် ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က ပရိုဘောက်ကားတစ်စီးနှင့် Express ကားတစ်စီးတို့ ယဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ပရိုဘောက်ကားပေါ်ရှိ ခရီးသည် (၇) ဦး သေဆုံးခဲ့ပြီး Express ကားမှာ ချောက်ထဲပြုတ်ကျခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူများကို မြဝတီဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကနဦးသတင်းရရှိသည်။

မန်းသန်းရွှေမြင့် (ပြန်/ဆက်)

 

(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကျင်းပ

 

ပုဗ္ဗသီရိ     ဇန်နဝါရီ    ၃

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲ ကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်၌ ကျင်းပသည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးကျောက်တိုင် ဖွင့်လှစ်ပွဲနှင့် ဧရာမော်ပန်းခြံဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

 

ဝိုင်းမော်           ဇန်နဝါရီ            ၃

ဇန်နဝါရီလ ၄ရက်တွင် ကျရောက်သည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် လွတ်လပ်ရေးကျောက်တိုင် ဖွင့်လှစ်ပွဲနှင့် ဧရာမော်ပန်းခြံ ဖွင့်လှစ်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၃ရက် နံနက် ၈နာရီခွဲ ဝိုင်းမော်မြို့ ဧရာမော်ပန်းခြံအတွင်း လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ကျင်းပပြုလုပ် ခဲ့သည်။

Subscribe to