ပလတ်စတစ်အမှိုက်များ ကင်းစင်ရေး စနစ်တကျစွန့်ပစ်ရေး ပညာပေးဟောပြောပွဲနှင့် လက်တွေ့ လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်
ပြည်သူများအနေဖြင့် သန့်ရှင်းရေးဆိုင်ရာ အသိပညာများရရှိကာ သန့်ရှင်းကျန်းမာပြီး အမှိုက်ကင်းစင် သော ပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပေါက်မြို့နယ် ငမို့လေးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် “ပညာ့ဥယျာဉ်ပရဟိတ လူမှုကူညီရေးအသင်း” မှ လူငယ်များ ဦးဆောင်ကာ ပလတ်စတစ်အမှိုက်များ ကင်းစင်ရေး၊ စနစ်တကျစွန့်ပစ်ရေး ပညာပေးဟောပြောပွဲနှင့် လက်တွေ့လှုပ်ရှားဆောင်ရွက်မှုများကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ပြုလုပ်ခဲ့သည်။