မြို့နယ်အုပ်ချုပ်ရေးမှူးဖလားရပ်ကွက်၊ ကျေးရွာပေါင်းစုံအလွတ်တန်း ဘောလုံးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပေးပွဲ အခမ်းအနားကျင်းပ
ကော့ကရိတ် ဇန်နဝါရီ ၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ မြို့မအုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဘောလုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်တွင် ကော့ကရိတ်မြို့မ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
အဆိုပါဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ၂၃ရက်နေ့မှစ၍ ရပ်ကွက်ကျေးရွာများမှဘောလုံးအသင်း(၁၆) သင်းတို့သည် အုပ်စုပတ်လည်ဖြင့် ယှဉ်ပြိုင်လာကြပြီး နောက်ဆုံးဗိုလ်လုပွဲစဉ်ကို အမှတ် ၄ ရပ်ကွက်နှင့် နဘူး ကျေးရွာအသင်းတို့ယှဉ်ပြိုင်ကစားကြရာ နဘူးအသင်းမှ (၄)ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။