တောင်ယမားရေလှောင်တမံရေစိမ့်ဝင်မှုကြောင့် ပြောင်းရွှေ့ကျေးရွာများအား အိမ်ယာမြေကွက်များ ခွဲဝေပေး

မြိုင်      ဇန်နဝါရီ           ၉

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် တောင်ယမားရေလှောင်တမံရေစိမ့်ဝင်မှုကြောင့် ပြောင်းရွှေ့ကျေးရွာများအား အိမ်ယာမြေကွက်ခွဲဝေပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ငါးလင်းစေ့ကျေးရွာပြောင်းရွှေ့နေရာ၌ ပြုလုပ်ခဲ့သည်။

ကျေးရွာဖွံ့ဖြိုးရေး စီမံချက် ရေးဆွဲနည်းသင်တန်း သထုံတွင် ဖွင့်လှစ်

သထုံ  ‌ဇန်နဝါရီ  ၉

မွန်ပြည်နယ်၊ သထုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက သထုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သထုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်‌ ဒေါ်မာမာခိုင်က အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သထုံခရိုင် ဦးစီးဌာနမှူး ဦးမိုးဝင်းက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး​ဆောင်ရွက်

ပုသိမ်ကြီး ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး အစီအစဉ် (Kaeru Caravan)ကို ယနေ့ နံနက် ၉ နာရီခွဲက အ.ထ.က (အုန်းချော) ၌ ကျင်းပခဲ့သည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေကြီးကြပ်မှုကော်မတီ ရွေးချယ်ပွဲကျင်းပ

ပုလဲ   ဇန်နဝါရီ   ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာအုပ်စု၊ သရက်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌   ယမန်နေ့မွန်းလွဲ  ၂ နာရီက   မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဦးစီးအရာရှိဦးဇော်မင်းဦးနှင့် ဝန်ထမ်းများသည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်   ရန်ပုံငွေကြီးကြပ်မှု ကော်မတီရွေးချယ်ပွဲကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီဝင်များ ပြန်လည်ရွေးချယ်

နေပြည်တော် ဇန်နဝါရီ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်  ‌ကျေးရွာကော်မတီဝင် ပြန်လည်ရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြူတွင်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပခဲ့ပါသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြည်ကြီးချမ်းသာ မဟာစေတီတော်တွင် (၂၄)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည်

ရန်ကုန်   ဇန်နဝါရီ   ၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၁၆) ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီတော်) တွင် (၂၄)ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကျင်းပလျက်ရှိရာ မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် အဆိုပါ စေတီတော်ရင်ပြင်တွင် ကျင်းပမည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။

ချောင်းဦးမြို့တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်

ချောင်းဦး    ဇန်နဝါရီ   ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ရွှေကူကျေးရွာအုပ်စု၊ ရွှေကူကျေးရွာ ရွာသစ်ဓမ္မာရုံကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမျိုး၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ‌ဦးကျော်ဆန်းနှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  ဦးအောင်ဘော်တို့ကအမှာစကား ပြောကြားခဲ့ကြသည်။

“သံဃမာတာ” ဘွဲ့တံဆိပ်နှင့် စလွယ်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မန္တလေး ဇန်နဝါရီ ၉

 “သံဃမာတာ” ဘွဲ့တံဆိပ်နှင့် စလွယ်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ကုသိုလ်တော်ဘုရား တောင်ဘက်တန်ဆောင်းတွင်ကျင်းပသည်။

ပင်လုံတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပ

လွိုင်လင် ဇန်နဝါရီ ၉

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပင်လုံတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက လွိုင်လင်ခရိုင် အားကစားကွင်းတွင် ကျင်းပကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပင်လုံတက္ကသိုလ် ပထဝီဝင်ဘာသာရပ် ပါမောက္ခဌာနမှူး ဆရာကြီး ဒေါက်တာမင်းလွင် အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြပြီးနောက် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။ ဆက်လက်၍ ပြေးခုန်ပစ်ပြိုင်ပွဲများကို ကျင်းပသည်။

ဂန့်ဂေါမြို့နယ် သမဝါယမအသင်းစု (၁၃) ကြိမ်မြောက် EXIM BANK ချေးငွေပေးအပ်

ဂန့်ဂေါ   ဇန်နဝါရီ   ၉

ဂန့်ဂေါမြို့နယ်တွင် (၁၃) ကြိမ်မြောက် EXIM BANK ချေးငွေပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးကြည်နှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးမြင့်ထွေးတို့က အမှာစကားပြောကြားကြပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဒေါ်မြမြစန်းက ချေးငွေနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

Subscribe to