ကျေးလက်ကျန်းမာရေးဌာခွဲနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် တောင်လယ်တောကျေးရွာအုပ်စု တောင်လယ်တော ကျေးရွာနှင့် ရွာသစ်ကျေးရွာအုပ်စု ဘုရားထူးကျေးရွာတို့၌ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် တည်ဆောက်သည့် ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။