မီးဘေးသင့်နေအိမ်အား ထောက်ပံ့ငွေနှင့် အိမ်သုံးပစ္စည်းများ သွားရောက်ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်

တိုင်းဒေသကြီးအဆင့် လူထုဗဟိုပြုစီမံကိန်းမြို့နယ် ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းကို မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်မြို့နယ် တွင် ထပ်မံတိုးချဲ့ အကောင်အထည်ဖော်နိုင်ရေးအတွက် မြို့နယ်ရွေးချယ်ရေး အကြံဉာဏ် ရယူခြင်း အစည်းအဝေးကို ယမန်နေ့နံနက် ၈ နာရီခွဲက မကွေးမြို့တော်ခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

ပန်းတနော်၌ မြို့မစည်ပင်သာယာဈေး မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ် မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များမှ မြို့မစည်ပင်သာယာဈေးကြီးအတွင်း ဈေးမီးဘေးလုံခြုံရေးအတွက် ဈေးဆိုင်ခန်းများအား လိုက်လံစစ်ဆေးခြင်း၊ ရေရရှိရေးဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ မီးဘေး စိုးရိမ်ရသောပစ္စည်းများ သိုလှောင်ထားခြင်း ရှိ/မရှိ မီးငြိမ်းသတ်ရေးပစ္စည်းများ ပြည့်စုံ လုံလောက်စွာထားရှိခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး၍ မီးသတ်ဆေးဗူးများဖြင့် ကိုယ်တိုင် ငြိမ်းသတ်၊ ယာဉ်စက်ကိရိယာများဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီတွင် ဆောင်ရွက်ခဲ့သည်။

မီးဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်ခဲ့သည့် မီးဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေး အသိပညာပြန့်ပွားရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၄ နာရီခွဲအချိန်က သထုံမြို့၊ သုဝဏ္ဏခန်းမ၌ ကျင်းပပြုလုပ်သည်။

သမိုင်းဝင် ဒီပါရုံစေတီတော်မြတ်ကြီးအား (၅) နှစ်တစ်ကြိမ် စိန်ဖူးတော်၊ ငှက်မြက်နားတော်နှင့် ရွှေထီးတော်တင်လှူပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသော သမိုင်းဝင်စေတီတစ်ဆူဖြစ်တော်မူသော ဒီပါရုံစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြက်နား တော်နှင့် ရွှေထီးတော်အား(၅)နှစ်တစ်ကြိမ် အသစ်တင်လှူပွဲကို ယမန်နေ့နံနက် (၉) နာရီ (၉) မိနစ် (၉) စက္ကန့်အချိန်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ကျေးလက်ဆက်သွယ်ရေးလမ်းများ ကွန်ကရစ်ခင်းကျင်းနေမူများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံဖြိုး တိုးတက်ရေးအတွက် ဆက်သွယ်မူလွယ်ကူစေရန် ခရမ်းမြို့နှင့် ဆက်သွယ်မည့် လမ်းကွန်ကရစ် ခင်းကျင်းနေမူများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ​ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက် သုဓမ္မာ (၆) လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက (၂)ရပ်ကွက်၊ သုဓမ္မာ (၆) လမ်းတွင် ကျင်းပခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရန် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကလေးငယ်များ သွေးလွန်တုပ်ကွေးနှင့် ခြင်ကြောင့် ဖြစ်တတ်သော အခြားရောဂါများ မဖြစ်ပွားစေရေး တို့အတွက် ရပ်ကွက်အတွင်းရှိ ခြင်ခိုအောင်းနိုင်သော နေရာများသို့ ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ဝမ်းတွင်းမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီအချိန်က မြို့နယ်ပြည်သူ့ အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။

စတုတ္ထအကြိမ်မြောက် မံကပ်ဒေသစိတ် ကျေးရွာအလိုက် အလွတ်တန်း ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

စစ်​ကိုင်းတိုင်းဒေသကြီး ကသာခရိုင်​ ဗန်းမောက်​မြို့နယ်​ ​ကျောက်​တန်းကျေးရွာအုပ်​စု နားမော်ကျေးရွာတွင် စတုတ္ထအကြိမ်မြောက် ​ဘောလုံးအလွတ်​တန်းပြိုင်​ပွဲနှင့် ဆုပေးပွဲကို မြို့နယ်​အား/ကာ ဦးစီးဌာနကကြီးမှူး၍ ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကွင်း၌ ကျင်းပပြုလုပ်​ခဲ့​ကြောင်း သိရသည်​။
Subscribe to