မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် Women Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

မိုင်းလုံ   ဖေဖော်ဝါရီ  ၂၆

ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက (Women Club) မှ စာရေးဆရာ ဖေမြင့်၏  “စဉ်းစားခြင်း'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒေါ်နွေးနွေး (Women Club) ဥက္ကဋ္ဌက စဉ်းစားစရာပြဿနာ (အထွေထွေ) ခေါင်းစဉ်ဖြင့် ဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်များဖြစ်သော မကျော့ကျော့စံက ရှဉ့်ကို တစ်ပတ်ပတ်မိသလား မပတ်မိဘူးလား ခေါင်းစဉ်ဖြင့်လည်းကောင်း၊  မလှလှထွန်းက လူတွေကိုယ့်ကိုယ် ကိုယ်ဘယ်လောက်ပိုင်လဲ၊ ဘယ်အတိုင်းအတာထိ သုံးစွဲပိုင်ခွင့်ရှိသလဲ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးသီတာက ပြဿနာပြေလည်ပြီဆိုသည့်အခါ ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒေါ်နွေးနွေးက "ဘယ်သူတရားပိုရှိသလဲ" ခေါင်းစဉ်အား ထပ်မံဆွေးနွေးခဲ့ပြီး ကိစ္စရပ်တိုင်းကို အလေးနက်ထား၍ စဉ်းစားရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

မစန္ဒာ( မိုင်းလုံ-ပြန်/ဆက်)