ကိုရိုနာဗိုင်းရပ်စ် ရောဂါ စောင့်ကြပ်စစ်ဆေးကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
ကိုရိုနာဗိုင်းရပ်စ် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ အလွန် လျင်မြန်စွာ ကူးစက်တတ်သောရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားသောကြောင့် အဆိုပါရောဂါ ကူးစက်ခြင်းမရှိစေရန်ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါ စောင့်ကြပ်စစ်ဆေး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ် ပြည်သူ့ ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။