မိုးနဲမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူသော သက်ကြီးဘိုးဘွားများအား ကိုရိုနာဗိုင်းရပ်စ် အကြောင်း အသိပညာပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင် မိုးနဲမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ လာရောက်ထုတ်ယူသည့် သက်ကြီး ဘိုးဘွားများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။