ဥတ္တရသီရိမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

နေပြည်တော်  မတ်  ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွေနံ့သာရပ်ကွက် အမှတ် (၁) ဓမ္မာရုံတွင် ယမန်နေ့ နံနက် ၉ နာရီက ရပ်ကွက်နေပြည်သူများအား မြို့နယ်ကုတင် (၅၀) ဆံ့ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ဟောပြောပွဲတွင် ကုတင် (၅၀)ဆံ့ ပြည်သူ့ဆေးရုံမှ ဒေါက်တာသီဟဇော်က တက်ရောက်လာကြသူများအား ရောဂါဖြစ်ပွားပုံ၊ ကူးစက်ပုံနှင့်ကာကွယ်ရန် နည်းလမ်းများအား ရှင်းလင်းပြောကြားပြီး ရပ်ကွက်နေပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)