ထီးချိုင့် မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေသည့် ငွေလုံးငွေရင်းလုပ်ငန်းများအနက် အမှတ်(၁) စံပြရပ်ကွက်၊ ပုန်းညက်လမ်းအား ကွန်ကရစ်လမ်းခင်းကျင်းနေခြင်းအား ယနေ့ နံနက် (၁၀ ) နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၁)စံပြရပ်ကွက် ပုန်းညက်လမ်းအား အလျား (၅၀၀)ပေ၊ အနံ(၁၄)ပေ၊ အမြင့်(၉)လက်မ၊ ခွင့်ပြုရန်ပုံငွေ (၁၈.၀)သန်းဖြင့် Zwe Star Co,LTD မှ တာဝန်ခင်းကျင်းနေမှုအား မြို့နယ်စည်ပင်သာယာ ရေးအလုပ်အမှုဆောင်အရာရှိ ဦးခိုင်လွင်သန့်၊ တာဝန်ခံအင်ဂျင်နီ ယာဦးဝင်းမြင့်၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအေးနှင့် အဖွဲ့ဝင်များမှ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)