ဟားခါးမြို့၌ သက်တမ်းလွန် စားသောက်ကုန်များနှင့် စားသောက်ရန် မသင့်သော စားသောက်ကုန်များ ရောင်းချမှု မရှိစေရေး ကွင်းဆင်း စစ်ဆေး
ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာ လဲ့စ်လီဗန်ဘိခ့် ဦးဆောင်၍ ပူးပေါင်း ကော်မတီအဖွဲ့တို့သည် ယနေ့နံနက် ၁၀ နာရီ အချိန်က ဟားခါးမြို့၊ ကျောဘုတ် ရပ်ကွက်ရှိ စားသောက်ကုန် အရောင်းဆိုင်များသို့ ရောက်ရှိပြီး အစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန က စားသုံးရန်မသင့်ဟု သတ်မှတ် ထားသော လူသုံးကုန်ပစ္စည်းများနှင့် သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချမှု မရှိစေရေး ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြပြီး စားသောက်ကုန် အရောင်းဆိုင်များတွင် ရောင်းချ လျက် ရှိသော စစ်ဆေးတွေ့ရှိသည့် သက်တမ်းလွန် စားသောက်ကုန်များနှင့် စားသောက်ရန် မသင့်သော စားသောက်ကုန်များကို သိမ်းဆည်း ခဲ့ကြကြောင်း သိရှိရသည်။