ကောလင်းမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ်ပြဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ(COVID-19)နှင့် ပတ်သက်၍ ပြည်သူများ ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေး နံရံကပ်ပြဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။