သာစည်မြို့နယ် ကုတင် ၅၀ ပြည်သူ့ဆေးရုံ၌ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုရမည့်လူနာ တွေ့ရှိလာပါက သီးခြားထားရှိကုသနိုင်ရန် ကြိုတင်ပြင်ဆင်
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ စောင့်ကြပ်ကြည့်ရှုရမည့် လူနာတွေ့ရှိလာပါက သီးခြားထားရှိကုသနိုင်ရန် ပြည်သူ့ဆေးရုံ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ မွန်းတည့်ချိန်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်သိန်း၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်နှင့် ကော်မတီဝင်များ၊ သာစည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးသော်ကြီးတို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။