နမ့်စန်(တ) မတ် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒဘာသာရပ်) ကို ယနေ့ နံနက် ၉နာရီက အ.ထ.က (နမ့်စန်) စာစစ်ဌာနနှင့် အ.ထ.က(ခိုလမ်) စာစစ်ဌာန ၂ခုတွင် ဖြေဆိုခဲ့ရာ စာရင်းရှိ ၁၂၂၂ ဦးတွင် လာရောက် ဖြေဆိုသူ ၁၁၃၃ ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ၈၉ဦး ရှိကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယာဉ်များနှင့် စက်သံများ ဆူညံမှုမရှိစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ မဖြစ်ပွားစေရေးနှင့် အခြားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သူရအောင် (ပြန်/ဆက်)