မိုးမောက်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်

မိုးမောက်   မတ်  ၁၇

ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ အလင်းကောင် ရပ်ကွက်တွင် နိုင်ငံသား စိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို နှစ်ခြင်း သာသနာဝန်း၌  ယနေ့ နံနက် (၉)နာရီခွဲ တွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကို က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဦးစီးမှူး ဦးဆန်းဦးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့က နိုင်ငံသား စိစစ်ရေး ကတ်ပြား (၁၁၈)ကတ် ပေးအပ်ရာ ရပ်ကွက်နေ ပြည်သူများ ကိုယ်စား ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနော်ဂျာက လက်ခံရယူခဲ့ကြောင်း သိရသည်။

လွန်းနန်းထွေး (ပြန်/ဆက်)