ရှားတော မတ် ၂၀
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ရီရီချို၊ အငယ်တန်းစာရေး ဒေါ်နဲမြာနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများက သွားရောက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ရီရီချို နှင့် အဖွဲ့သည် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ သက်ကြီးရွယ်အို စုစုပေါင်း(၁၅)ဦးအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ရာ ယင်းထောက်ပံ့ငွေသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဒုတိယ(၃)လပတ်အတွက် (၁)ဦးလျှင် ထောက်ပံ့ငွေ ကျပ်-၃၀၀၀၀/ နှုန်းဖြင့် (၁၅)ဦးအတွက် ငွေကျပ် -၄၅၀၀၀၀/ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)