ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်
မံစီ ဇန်နဝါရီ ၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ယနေ့ နံနက် ၉ နာရီက အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သင်တန်းကြီးကြပ်ရေးကော်မတီအဖွဲ့တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းသုံးသင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။