တီကျစ်တိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးအတွက် အလှူ ငွေများလှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် တီကျစ် တိုက်နယ်ဆေးရုံတွင် ယမန်နေ့မွန်းလွဲပိုင်းက အလှူရှင်များမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအတွက် အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ကရင်ကျေးရွားများသို့လှည့်လည်၍ ကိုဗစ်-၁၉အသိပညာပေးနှိုးဆော် ချက် အား ကရင်/ မြန်မာနှစ်ဘာသာဖြင့် လိုက်လံနှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကရင်ကျေးရွာများသို့ လှည့်လည်၍ ကိုဗစ်-၁၉အသိပညာပေးနှိုးဆော်ချက်များအား ကရင်/မြန်မာနှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော် ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ပန်းတောင်းမြို့နယ်တွင် ရောဂါပြန့်ပွားမှုမရှိစေရေး အရှိုချင်း၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ ပန်းတောင်းမြို့တွင် ရောဂါပြန့်ပွားမှုမရှိစေရေး အရှိုချင်း၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ၄ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အရှိုချင်းတိုင်းရင်းသားများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက် ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ အလှူငွေများ ထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉အသက်ရှူ လမ်း ကြောင်းဆိုင်ရာရောဂါသည် လက်ရှိတွင်ကူးစက်မှုနှုန်းမြင့်တက်နေသဖြင့် ကူးစက်ပျံ့နှံ့မှုမှကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ အလှုငွေထောက်ပံ့ပေးအပ်ပွဲတစ်ရပ်ကို ယနေ့ နံနက်၈ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမအတွင်း ပြုလုပ်ရာ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးနိုင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှဒုတပ်ခွဲမှူးအောင်ကျော်ကျော်နှင့် စေတနာ့ ဝန်ထမ်းများ (ကိုယ်စား)ချောင်းကြီးရပ်ကွက်-သုခရွှေရီကျန်းမာရေးအထောက်အကူပြုအသင်းမှဦးတင်ထွန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရေး နှင့်တားဆီးကာကွယ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပညာပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကိုကြိုတင် တားဆီးကာကွယ်နိုင်ရေးအတွက် ပြည်သူများလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ကျန်းမာရေးအသိပညာပေးအနေဖြင့် ရမ်းဗြဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီး သတ်တပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ မှ ပူးပေါင်းပြီး ယနေ့ နံနက် ၈ နာရီအချိန်က ရမ်းဗြဲမြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ပြီး အသံချဲ့စက်ဖြင့်အသိပညာပေး နှိုးဆော်ပေးခဲ့ကြပါသည်။

မိုင်းယုမြို့၌ အရိပ်ရ နှင်းသီး(ခ)ကြောင်မျက်လုံးသီးများ လှိုင်လှိုင်ပေါ်၍ မိသားစု အပိုဝင်ငွေရရှိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တိုရှိ ဒေသခံတိုင်းရင်းသားများ၏ နေအိမ်ဝင်းအတွင်း အရိပ်ရစိုက်ပျိုးထားသည့် ရာသီပေါ် နှင်းသီး(ခ)ကြောင်မျက်လုံးသီးများ လှိုင်လှိုင် ထွက်ရှိကာ ခူးဆွတ်ရောင်းချရာ မိသားစု အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနှိုး ဆော်ခြင်းများကို ယာယီပျံကျဈေး (မြို့မ အားကစားကွင်း ) အနီးတွင် နေ့စဉ် နံနက် ၆ နာရီမှ နံနက် ၉ နာရီအထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ် ဆေးဆက်လက်ထိုးနှံနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

           မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်၌ ကိုဗစ်-၁၉‌ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီမှကြီးမှူး၍မင်းလှမြို့နယ်တွင် တရုတ်နိုင်ငံထုတ်ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး (Sinopharm) ဆက်လက်ထိုးနှံပေးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ‌‌‌‌‌‌‌‌၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့် ပွားမှုမဖြစ်ပေါ်စေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန် ရည် ရွယ်၍  မီးသတ်ဦးစီးဌာနနှင့် ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ကရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်ကာကွယ်ရေးအသိ ပညာပေးနှိုးဆော်ခြင်းနှင့်ကိုဗစ်ကာကွယ်ဆေး (Sinophram)

တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ကြေညာချက်များ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်

ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါပြင်းထန်စွာ မရှိစေရေးနှင့် မျိုးရိုးဗီဇပြောင်းလဲနေသော ရောဂါပိုးများ ကူးစက်ပြန့်ပွားခြင်းမရှိစေရန် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့ပေါ်(၄)ရပ်ကွက်၌ ကမ်းဟောက်လမ်းမအတိုင်း အသံချဲ့စက်ဖြင့်နှိုးဆော်ခဲ့ကြောင်း သိရသည်။
Subscribe to