ဖားကန့်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို နေရာ(၄) နေရာခွဲ၍ ထိုးနှံပေး 

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့  နံနက်ပိုင်းအချိန်က  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်လျက် မြို့နယ်ကုသ‌ရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေး၀န်ထမ်းများ၊ ပြင်ပဆရာ၀န်များ၊ Volunteer /ပရဟိတအဖွဲ့များဖြင့် နေရာ(၄)နေရာခွဲ၍ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးကို (၄)နေရာခွဲ၍ ထိုးနှံပေး

ပုလောမြို့နယ်၌ အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ နိုင်ငံ၀န်ထမ်းများ၊ Volunteer ၊ ကျန်းမာရေး ၀န်ထမ်းများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး တရုတ်နိုင်ငံထုတ် SinoPharm (၅) ရက်မြောက်နေ့ကို ယနေ့ နံနက် (၉)နာရီခွဲက လက္ကူး ကျေးရွာ အထက(ခွဲ) ကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ အာဆီယံ-ကိုးရီးယား ရန်ပုံငွေဖြင့် မေယု FM Radio များထောက်ပံ့ပေးအပ်

အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့်ဆန်းစစ်လေ့လာရေးအဖွဲ့၏ ကနဦး အစီရင်ခံစာ အရ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်၏ ဦးစားပေးစီမံကိန်း (၇)ခု အနက် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီဘာသာစကား အသုံးပြုသူများအား မေယု FM ရေဒီယို အစီအစဉ်များကို နားဆင်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အတွင်းရှိ ဘင်္ဂါလီဘာသာစကားအသုံးပြုသူများအား The ASEAN-ROK Fund on the Repatriation of Displaced Persons in Rakhine State ရန်ပုံငွေဖြင့် မေယု FM Radio များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၊ အနောက်ရပ်ကွက် အထက(၁) ခန်းမနှင့် သပြေကုန်းရပ်ကွက် အ.လ.က ကျောင်း ခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့တွင် အသက် (၆၅) နှစ်နှင့်အထက်ပြည်သူများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ မြို့တော်ခန်းမတွင် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဩဂုတ် ၅ ရက် နံနက် ၉ နာရီက အသက် (၆၅) နှစ်နှင့်အထက်ပြည်သူများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံရေး နှိုးဆော်ခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ရောဂါကူးစက်ဖြစ်ပွားနေမှုကို လျော့နည်း စေကာ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေးနှင့် မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန် အသိပညာပေးနှိုးဆော်ခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်ခြင်းများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နံပါတ်(၁) လမ်း ၊ ထောင်လမ်း ၊ နံပါတ် (၅) လမ်း ၊ တပင်ရွှေထီးလမ်း ၊ ဘုရားလမ်းတို့၌ လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ဆန်အိတ်များပေးဝေခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကမ္ဘာ့စားနပ် ရိက္ခာ အဖွဲ့(WFP)မှ ယနေ့နံနက် ၉နာရီက လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင် စေရန်နှင့်ကူးစက်ပျံ့နှံ့မှုမရှိ စေရန်ရည်ရွယ်၍ ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဗိုလ်မင်းခေါင်ပန်းခြံ၌ ယမန်နေ့ ညနေ ၄ နာရီချိန်မှ စတင်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့မှ ရတနာသုတ်အပါအဝင် အန္တရာယ်ကင်း ပရိတ်တရားတော်များကို ပန်းခြံအတွင်း၌လည်းကောင်း ပန်းခြံအပြင်၌လည်းကောင်း လှည့်လည်ရွတ်ဖတ် ပူဇော်ခြင်းများ ပြုလုပ်တော်မူခဲ့ကြသည်။

သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းရေးအတွက် လက်ကိုင် အသံချဲ့စက်(Hand Speaker)ဖြင့် အရှိန်အဟုန်မြှင့် အသိပညာပေးနှိုးဆော်

ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှု လျော့နည်းစေပြီး ထိရောက်စွာ ထိန်းချုပ်ကုသနိုင်ရန် အတွက် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကမြို့ပေါ်ရပ်ကွက်များသို့ မိုဘိုင်းလ်ဘက်စ်ဖြင့် ယနေ့ နံနက် ၈ နာရီအချိန်က လက်ကိုင် အသံချဲ့စက် (Hand Speaker)ဖြင့် အသိပညာပေး လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ညနေ ၆ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Subscribe to