မိုင်းခတ် နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရန်အတွက် နိုဝင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ(၁)နာရီက မြို့ပေါ်(၂)ရပ်ကွက်နှင့် ကျေးရွာများတွင် မြေပြင် ကွင်းဆင်းစိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးများ၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအလိုက် ဆန္ဒမဲပေးနိုင်မည့် မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိစေရေး စိစစ်ဆောင်ရွက်ခြင်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)