ဘားအံမြို့၌ တောမီးနှင့်အခြားမီးများကြောင့် မီးလောင်မှု Hotspots အရေအတွက်လျော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း တောမီးနှင့်အခြားမီးများကြောင့် မီးလောင်မှု Hotspots အရေအတွက်များပြားနေခြင်းကို လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ်အဆင့်လုပ်ငန်းအဖွဲ့အစည်းအဝေးကို ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပုလောမြို့ အမှတ်(၅)ရပ်ကွက်တွင် မြစိမ်းရောင်(သမဝါယမကဏ္ဍ) နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းရိတ်သိမ်းမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ အမှတ်(၅)ရပ်ကွက် ထိပ်တန်းရှင်သမဝါယမအသင်း အသင်းသားတောင်သူများ စိုက်ပျိုးထားရှိသည့် မှော်ဘီ(၃)စပါးစိုက်ခင်းရိတ်သိမ်းမှုများကို ပုလောမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးနှင့်တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား One Stop Service ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ချမ်းမြသာစည်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် မြို့သစ် (၁) ရပ်ကွက်ရုံးနှင့် မြို့သစ် (၂) ရပ်ကွက်ရုံး၌ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။

မြိတ်မြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ဘောလုံးအားကစားသများ မွေးထုတ်ပေးနိုင်ရေးအတွက် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက မြို့မအားကစား ကွင်းတွင် ကျင်းပသည်။

ကျောက်တန်းမြို့နယ်၌ DMA မှ ဦးစီး ပြုလုပ်သည့်Joint Exercise 19 ဆောင်ရွက်

သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ DMA မှ ဦးစီးပြုလုပ်သည့် Joint Exercise 19 ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက Briighter Energy Terminal Thilawa တွင် လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

ငရုတ်ကောင်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်သံလွင်အားဒေသခံပြည်သူများနှင့် တာဝန်ရှိသူများ ကြိုဆို

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်‌ကောင်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည်ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့သို့ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများကသောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ကျွန်းလှမြို့နယ်၌ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်း ပညာပေးကွင်းသရုပ်ပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါးစိုက်ခင်းများ ပိုးမွှားကင်းစင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်း ပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ရှမ်းစုကျေးရွာ၊ တောင်သူ ဦးနိုင်၏ အောင်နိုင်တိုးစပါးစိုက်ခင်း၌ကျင်းပသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တွင် အနော်ရထာ(ခြင်းရုံ)ဖွင့်ပွဲနှင့် မြန်မာ့ရိုးရာခြင်းလုံး ဝိုင်းဖွဲ့ခတ်ကစား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ခြင်းလုံးဝါသနာရှင်များစုပေါင်း၍ အ‌နော်ရထာ(ခြင်းရုံ)ဖွင့်ပွဲနှင့် မြန်မာ့ရိုးရာခြင်းလုံး ဝိုင်းဖွဲ့ခတ်ကစားခြင်းကို ယမန်နေ့ ညနေပိုင်းက အမှတ်(၄)ရပ်ကွက် အနော်ရထာ(ခြင်းရုံ)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်း တာဝန်ရှိသူများနှင့်အတူ ပျော်ခရိုင်အတွင်း ဒေသသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်း တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
Subscribe to