ဒေးဒရဲမြို့နယ်တွင် မဲစာရင်းများ မှန်ကန်တိကျစေရေး တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အခြေခံအကျဆုံးဖြစ်သည့် မဲစာရင်းများ မှန်ကန်ရေးအတွက် မြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြေပြင်လူဦးရေစာရင်းနှင့် မဲစာရင်းများအား တစ်အိမ်ဝင်တစ်အိမ်ထွက် တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်၌ မဲစာရင်းမကျန်ရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစီစစ်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရာ၌ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းကျန်ရှိမှုမရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာအုပ်စုများ၌ တစ်အိမ်တက်ဆင်းကွင်းဆင်းစိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမရပူရမြို့နယ်အတွင်း (Door to Door) တစ်အိမ်တက်ဆင်း မြေပြင်စာရင်း တိုက်ဆိုင်ကွင်းစစ်‌ဆေးတေမှုများအား စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးမှ လိုက်လံကြည့်ရှုစစ်ဆေး

အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်းရှိ မှန်တန်း၊ ဈေးချို၊ လေးစု၊ အိုးတော်၊ တောင်ကြီး၊ ကျန်တန်း၊ ဆင်စွယ်ပွတ်၊ ရွှေဂွမ်းထုပ်၊ ငယ်တိုး စသည့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ တစ်အိမ်တက်ဆင်း (Door to Door ) မြေပြင်ကွင်းဆင်း စာရင်းတိုက်ဆိုင်စစ်ဆေးနေမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့၌ ပြုလုပ်ကျင်းပသည့် မူးယစ်ကင်းစင် ကချင်ပြည်နယ်တစ်ခွင် အားကစားလှုပ်ရှားမှု မီနီမာရသွန်အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများသို့ တက်ရောက်အားပေးချီးမြှင့်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မူးယစ်ကင်းစင် ကချင်ပြည်နယ်တစ်ခွင် အားကစားလှုပ်ရှားမှုအဖြစ် အသက်(၁၅)နှစ်အထက်နှင့်အောက် လူငယ်များအတွက် မီနီမာရသွန်အပြေးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မြဝတီ မြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရေး ရပ်ကွက်/ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့မှ ကွင်းဆင်းစိစစ်ဆောင်ရွက်ပေး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ​ထွေရွေး ကောက်ပွဲတွင်မဲပေးခွင့်ဆုံးရှုံမှုမရှိစေရေး မဲဆန္ဒရှင်အမည်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာပေးခဲ့ရာ ကျန်ရှိမှုမ​ရှိစေရေးအတွက် ယမန်နေ့နံနက် (၉)အချိန်တွင်အမှတ် (၃) ရပ်ကွက်၌ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များက တစ်အိမ်တက်ဆင်းကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဌာနဆိုင်ရာ တာဝန်ရှိသူများက  ကွင်းဆင်း၍ စိစစ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

လောင်းလုံးမြို့နယ်အတွင်း မဲစာရင်းတွင်အမည်ပါရှိစေရေး  တစ်အိမ်တက်၊တစ်အိမ်ဆင်း တိုက်ဆိုင်စစ်ဆေး

‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၌ လောင်းလုံးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိဒေသခံပြည်သူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေး၊ မဲစာရင်းတွင်အမည်ပါရှိစေရေးစသည် လုပ်ငန်းစဉ်များကို မြေပြင်တစ်အိမ်တက်၊တစ်အိမ်ဆင်း တိုက်ဆိုင်စစ်ဆေးမှုဆောင်ရွက်မှုကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ စာပေဖတ်ရှုခြင်းအသိပညာပေး Talk Show ပြုလုပ်

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ စာပေဖတ်ရှုခြင်းအသိပညာပေး Talk Show ပြုလုပ် ကြံခင်း နိုဝင်ဘာ ၂၉ ဖြိုးဝေလင်း(ပြန်/ဆက်)

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ဒီဇင်ဘာလူထု အားကစားလအကြို စုပေါင်း လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင်ကျင်းပလျက်ရှိသည့်နည်းတူ မကွေးတိုင်းဒေသကြီး ဒီဇင်ဘာလူထုအားကစားလအကြို စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက မကွေးမြို့တိုင်းအားကစားကွင်း‌ရှေ့၌ ကျင်းပသည်။

မိုင်းယောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး လူငယ်စကားဝိုင်း ကျင်းပ

မိုင်းယောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး လူငယ်စကားဝိုင်း ကျင်းပ မိုင်းယောင်း နိုဝင်ဘာ ၂၉ နန်းစီဖေါင်း(ပြန်/ဆက်)
Subscribe to