ကျွန်းလှမြို့နယ်၌ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်း ပညာပေးကွင်းသရုပ်ပြ

ကျွန်းလှ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါးစိုက်ခင်းများ ပိုးမွှားကင်းစင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်း ပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ရှမ်းစုကျေးရွာ၊ တောင်သူ ဦးနိုင်၏ အောင်နိုင်တိုးစပါးစိုက်ခင်း၌ကျင်းပသည်။

ဦးစွာ ကျွန်းလှမြို့နယ်စိုက်ပျိုးရေးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ဘက်စုံးသီးနှံကာကွယ်ရစနစ်အကြောင်း၊ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ သီးနှံကာကွယ်ရေးစနစ်ကျင့်သုံရသည့်အကြောင်းအရင်းများနှင့် အကျိုးကျေးဇူးတို့ကို ရှင်းလင်းပြောကြားပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များ၊ ဒေသခံတောင်သူများတက်ရောက်ကြသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် ၃၄၀၉၇ ဧကလျာထားပြီး ၃၄၀၉၉ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် စပါးမျိုးများစိုက်ပျိုးကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ