လဲချားမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်‌နေ့မွန်းလွဲ ၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။

ပင်လုံမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲမေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲ အောင်မြင်ရေး လှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ပင်လုံမြို့တွင် ယနေ့နံနက်ပိုင်းမှစတင်၍ ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၌ မိုးစပါးရိတ်သိမ်း

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးရိတ်သိမ်းမှု အခြေအနေကို ကျွန်းစုမြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့က ကြည့်ရှုအားပေးသည်။

နတ်မောက်မြို့နယ်တွင် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုလက်ကမ်းစာစောင်များအား ယနေ့ နံနက် (၁၁) နာရီအချိန်က မြို့မဈေးကြီးတွင် ဖြန့်ဝေပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင် ငလျင်ဘေးပြန်လည် ထူထောင်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့်  တာဝန်ရှိသူများသည်  ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးငလျင်ကြီး   လှုပ်ခတ်ခဲ့မှုကြောင့်   ထိခိုက်ပျက်စီးခဲ့သည့်  

နတ်တလင်းမြို့နယ်၌ မဲရုံများ မီးဘေးလုံခြုံရေးအတွက် ကြိုတင်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ မီးဘေးလုံခြုံရေး၊ မဲဆန္ဒရှင်ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ မီးဘေးလုံခြုံရေး ကြိုတင်စစ်ဆေး ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူမှုရေးရာဝန်ကြီး ဦးသက်နိုင် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအတွင်းအစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်များအား ဘေးအန္တရာယ်ကင်းရှင်း စွာစားသုံးနိုင်ရေး၊ သုံးစွဲနိုင်ရေး၊ အထောက်အကူပြုစေရန် ရည်ရွယ်၍ ၁/၂၀၂၅ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရွှေသောင်ယံမြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် အန္တရာယ်ရှိလမ်းမီးတိုင်များ အားပြန်လည်ပြုပြင်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် မြို့သူမြို့သားများ၊ လမ်းသွားလမ်းလာများ လျှပ်စစ်နှင့်ပတ်သက်၍ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရန် အန္တရာယ်ရှိ လမ်းမီးတိုင်များအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။

ပိုင်ကျုံမြို့တွင် ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံမြို့ခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်းဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်ကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to