နတ်တလင်း ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ မီးဘေးလုံခြုံရေး၊ မဲဆန္ဒရှင်ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ မီးဘေးလုံခြုံရေး ကြိုတင်စစ်ဆေး ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့မဲရုံများ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ရာတွင် နတ်တလင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးတင်ဦးလတ်နှင့် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက မဲရုံများတွင် မီးသတ်ဆေးဘူးများထားရှိခြင်း၊ ရပ်ကွက်ကျေးရွာများတွင် မီးသတိပြုရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၇)ခုနှင့် ကျေးရွာအုပ်စု(၇၇) အုပ်စုတို့၌ မဲရုံ ၉၈ ရုံ ဖွင့်လှစ်၍ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)