ကော့ကရိတ် ဇွန် ၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကျင်းပဆောင်ရွက်ပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲတွင် ကော့ကရိတ်မြို့ပေါ်အခြေခံပညာကျောင်းတို့မှ အထက်တန်းဆင့်ကျောင်းသူ /သား(၁၄) ဦးတို့မှ “ဝိုင်းဝန်းကာကွယ်မူးယစ်အန္တရာယ်” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အလားတူ ဇွန်လ ၂၁ ရက်နေ့တွင်ပြုလုပ်သည့် အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ကျောင်းသူ /သား (၁၇) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင်ဆုရရှိသူများကို လာမည့်ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ခင်မျိုးဝင်း (ခရိုင်ပြန်ဆက်)