ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

 ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက် ရောဂါ ဖြစ်ပွားမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်းဖြန့်ဝေခြင်းများဆောင်ရွက်

ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး သွန် လဲ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်က ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။

မိုင်းရှူးမြို့နယ်တွင် ဆီထွက်သီးနှံများစိုက်ပျိုးရန် လျာထားသောကျေးရွာများအား ကွင်းဆင်းစိစစ်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဆီထွက်သီးနှံများ စိုက်ပျိုးရန်လျာထားသော ကျေးရွာများအားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယနေ့နံနက်(၁၀)နာရီခွဲချိန်က နားစံကျေးရွာ၌ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့၌ ၂၀၂၂-ခုနှစ် မိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

သယံဇာတနှင့်သဘာဝ  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၏ ၂၀၂၂ - ခုနှစ်၊ မိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈:၀၀)နာရီအချိန်က ငှက်လှန်ရိုးဆည် မြောက်ဘက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း၊ ကိုဗစ်၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြားလူငယ်များ အသက်၁၈နှစ်အထက်ပြည်သူများအား၊ ပထမအကြိမ်နှင့် အသက် ၁၈ အထက်အကြိမ်ပြည့်ထိုးနှံပြီးသည့်ပြည်သူများအား တတိယအကြိမ် Booster dogs ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျင်ရှိရာကာကွယ်ဆေး ထိုးနှံရာတွင်အကြောင်း အမျိုးမျိုးကြောင့်ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရမ်းမြို့အမှတ် (၂)ရပ်ကွက် ကြေးသွန်းဘုရားကြီးအတွင်းရှိ သာသနဗိမ္မန်ဓမ္မာရုံကြီးတွင် နေ့စဉ်နံနက် ၉ နာရီမှညနေ ၃ နာရီအထိ နေ့စဉ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

မြောက်ဥက္ကလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကင်းဝေးစေရေးအတွက်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် အရှိန်အဟုန်မြှင့်

ကမမောင်းမြို့၌ မိုင်းအန္တရာယ်အ‌ကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ​မြို့ကြက်နီသူနာပြုတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိုင်းအန္တရာယ်အ‌ကြောင်း အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကမမောင်းမြို့ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။

ပဲခူးမြို့နယ် ဘုရားကြီးမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေး၌ ယနေ့နံနက်ပိုင်းက သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရေး၊ လမ်းဘေးဝဲယာတွင် အရိပ်ရသစ်ပင်များရှင်သန်ဖြစ်ထွန်းစေရေး၊ သစ်ပင်သစ်တောတန်ဖိုးကိုနားလည်ချစ်မြတ် နိုးသည့် စိတ်ဓါတ်ဖော်ဆောင်နိုင်ရေးတို့အတွက် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် နေပြည်တော်ကောင်စီ ခွင့်ပြုရန်ပုံငွေဖြင့်တည်ဆောက်ပြီးစီးသည့် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာအုပ်စု၊ ပေါစံခေါကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပသည်။

မူဆယ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ GIS နည်းပညာကို အသုံးပြု၍ မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်း ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူခြင်းဆင့်ပွားသင်တန်းပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ GIS နည်းပညာကို အသုံးပြု၍ မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်း ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူခြင်း ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ပြုလုပ်ခဲ့သည်။
Subscribe to