တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား (၃)ခရိုင်စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် စစ်တုရင် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဖလား (၃)ခရိုင်စစ်တုရင် ပြိုင်ပွဲကို ခရိုင်အားကစားခန်းမတွင် ကျင်းပခဲ့ပြီး ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။

ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် လူငယ်နှင့်အားကစားအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ကျောင်းတွင် အားကစားနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကျောင်းရွှေဝါထွန်း  ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။

သနပ်ပင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းကဈေးအတွင်း၊  မြို့မဈေးလမ်းဆုံနှင့် လူစည်ကာရာနေရာများ၌  ဆောင်ရွက်ခဲ့သည်။

ပြည်သူ့ဘဝလုံခြုံရေးနှင့်နယ်မြေစိုးမိုးရေးလုပ်ငန်းများတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများအား စားသောက်စရာနှင့် ထောက်ပံ့ငွေများ လှူဒါန်း

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများအားလုံး လုံခြုံမှုပြည့်ဝစွာဖြင့် မိမိတို့၏ လူမှုစီးပွားဘဝအား လွတ်လပ်စွာဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးနှင့်နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အမြဲမပြတ် ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်း လုံခြုံရေးနှင့်နယ်မြေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သား အရာရှိစစ်သည်များအား ဇူလိုင် ၂၁ ရက်နေ့က စားသောက်စရာများနှင့် ထောက်ပံ့ငွေများအား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှသွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ နေ့စားလျှပ်စစ်ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေး လျှပ်စစ်ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံးလက်အောက်ရှိ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ နေ့စားလျှပ်စစ်ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က တက္ကသိုလ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်အားပေးခဲ့ကြသည်။

ကဝမြို့နယ်တွင် နှာခေါင်းစည်း (Mask)တပ်ဆင်ရေးလှုပ်ရှားမှု ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါတားဆီးကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် ယနေ့နံနက် (၇:၀၀)နာရီက ကဝ-ပဲခူးလမ်းမကြီးရှိ ပြည်သူ့ဆေးရုံရှေ့နှင့် လူစည်ကားရာလမ်းဆုံတို့တွင် နှာခေါင်းစည်း Mask တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ် ဘောလည်မြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေ ငါးသိန်းငါးမျိုးစိုက်ထည့်

ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုများဖြင့် ငါးမျိုးစိုက်ထည့်ခြင်းများကို တိုင်းဒေသကြီးအတွင်းဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ နဲသမိန်ကျေးရွာအုပ်စု၊ နဲသမိန်ကျေးရွာရှိ ဘောလည်မြစ်အတွင်းသို့ နှစ်လက်မအရွယ်ငါးမြစ်ချင်းနှင့် ရွှေဝါငါးကြင်းငါးသားပေါက်ကောင်ရေ ငါးသိန်းတို့ကို တိုင်းဒေသကြီးတာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းကာငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ကန်သာယာကန် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်ဝန်းကျင်နှင့် မြို့ရာပြည့်စေတီတော်တို့အား သန့်ရှင်းသာယာသပ်ရပ်စေရေး၊ မြို့နေပြည်သူများ အားလပ်ရက်များတွင် လာရောက်အပန်းဖြေရာတွင် စိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ပြည်သူများပူးပေါင်း၍  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

မိုင်းယောင်း၌ “ပန်းသွင်လှပမွှေးကြူရေး လူကုန်ကူးမှုတားဆီးပေး”ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “ပန်းသွင်လှပ မွှေးကြူရေးလူကုန်ကူးမှုတားဆီးပေး”ခေါင်းစဉ်ဖြင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to