ကျုံပျော်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျုံပျော် ဇူလိုင်  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် ၁၂ နာရီက  အောင်ဆန်းရပ်ကွက်ရှိ ဧရာမင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သိန်းစိုးဝင်း၊ အဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန့် ဇော်ဦးနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာသာရေးအတွက် မိမိရပ်ကွက် ကျေးရွာအတွင်းရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့များဖြင့် ပူပေါင်းဆောင်ရွက်ရေး၊ ဧည့်စာရင်း စစ်ဆေးခြင်းများ ဆောင်ရွက်ရေး၊ မိမိတို့၏ လုံခြုံရေးအတွက် သတိထား ဆောင်ရွက်ရေး တို့ကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ဌာနလုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပုံစံ ၁ (က) စာရင်း အသေးစိတ် မှန်ကန်စေရေး၊ လဝက Door to Door စနစ်အား ပူပေါင်းဆောင်ရွက်ရေး၊ ကော်မရှင် စာရင်းအား တိုက်ဆိုင်စစ်ဆေးရေးနှင့်  အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ဆေးထိုးကျန်ရှိသူများ ဆေးထိုးရေးအတွက် စည်းရုံးဆောင်ရွက်ရေးနှင့် အပတ်စဉ်မိမိရပ်ရွာ သန့်ရှင်းရေး ဆောင်ရွက်ရန်တို့ကို  အသေးစိတ်မှာကြားပြီး၊ တက်‌ရောက်လာသူများ၏ သိလိုသည့် မေးမြန်းချက်များအား ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဖြေကြားခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)