နေပြည်တော် ဇူလိုင် ၂၉
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင်ပါဝင်သော စာရေးဆရာ စာချစ်သူ ရေးသားထားသည့်် “စာအုပ်ပုံတွေကြားကတာဝန်သိ နိုင်ငံသား” ဆောင်းပါးဖြင့်ယနေ့နံနက်(၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဦးရန်နိုင် (ခိုင်မင်း-နေပြည်တော်)၊ ဦးမောင်မောင်တာ(သဘာဝ)၊ ဦးကျော်လွင်(မှော်ဝန်သား)၊ ဦးမျိုးသန့်(မျိုးလေး ကသာ) ဦးဟန်ညွှန့်(ဟန်ညွန့်-ယဉ်ကျေးမှု)၊ ဦးလင်းထွဋ်(ကိုလင်းအညာမြေ)၊ ဦးဇော်အောင် (ဟိန်းအောင်)၊ ဒေါ်နှင်းနှင်းလွင်(လုံမငယ်-လူမှု)တို့က စာအုပ်ပုံတွေကြားက တာဝန်သိနိုင်ငံသား ဆောင်းပါးတွင် ပါဝင်သည့်အကြောင်းအရာ အချက်အလက်များကို မိမိတို့၏ သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ကိုကို (ခရိုင်ပြန်/ဆက်)