တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပ

တောင်ငူ ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပသည်။ 

စာဖတ်ဝိုင်းတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း နာယကဦးပွင့်သူအောင်က အဖွင့်အမှာစကား ပြောကြားသည်။ 

ဆက်လက်၍   စာရေးဆရာ  ​မိုးပန်းမွန်(ရာမည) ရေးသားသည့် “ရွှေရောင်လူငယ်နှင့် ရွှေရောင် အနာဂတ် စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပရာ စာအုပ်စာစောင် ချစ်မြတ်နိုး သူများ အသင်း အဖွဲ့ဝင်များ​၊ လူငယ်လူရွယ်များက စာအုပ်ပါအကြောင်းအရာများအား မိမိ၏ ထင်မြင် ယူဆချက်များ၊ တွေးခေါ်မှုများနှင့်အတူ၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးအနေဖြင့် စာပေဝါသနာရှင်များအတွက် အသက်အရွယ်မရွေး စာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတအတွေးအမြင်များရရှိစေပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါအမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်ကာ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)