မွန်ပြည်နယ် ဝန်ကြီးချုပ် ​ပေါင်မြို့နယ်၊ အိမ်​ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/ ၆) အား Data Base စနစ်ဖြင့် ဖြည့်သွင်း စီစစ်နေမှု အခြေအနေကို ကြည့်ရှုစစ်​ဆေး၍ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့များနှင့် ​တွေ့ဆုံခဲ့

မော်လမြိုင် ဩဂုတ် ၂

မွန်ပြည်နယ်အတွင်း လူဦး​ရေနှင့် အိမ်​ခြေ အိမ်ထောင်စုစာရင်း မှန်ကန်​စေ​ရေး ပြည်နယ် ဝန်ကြီးချုပ်ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများသည် ယ​မန်နေ့ မွန်းလွဲပိုင်းက ​ပေါင်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံးတွင် အိမ်ထောင်စု စာရင်းပုံစံများအား ဖြည့်သွင်း စီစစ်ခြင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဝန်ထမ်းများက အိမ်​ထောင်စုလူဦး​ရေစာရင်းပုံစံ (၆၆/၆) အား ဖြည့်သွင်း စိစစ်ခြင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဝန်ထမ်းများက Data Base စနစ်ဖြင့် ဖြည့်သွင်းစိစစ်နေမှု အခြေအနေအား ကြည့်ရှု စစ်​ဆေး ခဲ့ပါသည်။

ဆက်လက်၍ ​ပေါင််မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်ရုံး၊ အစည်းအ​ဝေးခန်းမ၌  မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့များနှင့် ​တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က ​ဒေသတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဓိကထား ဆောင်ရွက်ကြရန်လို​ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ရုံးလုံခြုံရေး၊ လူပုဂ္ဂိုလ်လုံခြုံရေးတို့ကို အထူးအလေးထား ဆောင်ရွက်ရန်၊ အဂတိတရား ကင်းရှင်းစွာဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ကြရန်၊ ရုံးနှင့်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိစေရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အားကစားကဏ္ဏ ဖွံ့ဖြိုးတက်​ရေးအတွက် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်​ပေးခြင်း၊ ကျန်းမာသန်စွမ်းပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများစွာ ပေါ်ထွက်လာ​ရေးတို့အတွက် ​ဆောင်ရွက်​ပေးကြ​စေလို​ကြောင်း၊ မိမိတို့၏သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအပေါ် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းစဉ်များအ​ပေါ် အားလုံး ဝိုင်းဝန်း ပူး​ပေါင်း​ဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

အဲဒီ​နောက် ​ပေါင်မြိုနယ်အတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့မှုအ​ပေါ် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်​ဆွေး​နွေးကြပြီး ပြည်နယ်၀န်ကြီးချုပ်က လိုအပ်သည်များကို ​​ပေါင်းစပ်ညှိနှိုင်း​ ဆောင်ရွက်​ပေးခဲ့ပါသည်။

မွန်မလေး (ပြန်/ဆက်)