ဟိုပုံး ဩဂုတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးမှ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ရ ခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီးနောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာသီဟထွန်းက ဟိုပုံးမြို့နယ်တွင် ကျွဲ၊ နွား၊ ဝက်၊ ကြက်များကို အများဆုံးမွေးမြူလျက်ရှိပါကြောင်း၊ တိရစ္ဆာန်အစာစိုက်ပျိုးခြင်း ရက်သတ္တပတ်အဖြစ် ပေါင်လင်းကျေးရွာအုပ်စု၊ လုံးတန်ကျေးရွာတွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ တိရစ္တာန်အစာပင်များကို မူလတိုမြက်မျိုးနှင့် မွန်ဘားဆားမြက် မျိုးများကို စိုက်ပျိုးလျက်ရှိပါကြောင်း၊ ကျောက်တန်းကျေးရွာတွင် Smart Village အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မွေးမြူရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်တွင် ကူးစက်တတ်သည့် ရောဂါလက္ခဏာများ၊ မဖြစ်ပွားအောင်ကာကွယ်စောင့်ရှောက်ရမည့် နည်းလမ်းများ၊ ဖြစ်ပွားရာတွင် ကုသရမည့်နည်းလမ်းများကို အသိပညာပေးဟောပြောပြီးကျေးရွာရှိ ကျွဲ၊ နွားများကိုလည်း ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း အရာများကို ပြောကြားခဲ့ကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)