ဆွမ်ပရာဘွမ်မြို့နယ်တွင် မွေးကင်းစ‌က‌လေး (၂)လမှ (၁)နှစ်ခွဲ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မွေးကင်းစ ၂ လမှ ၁ နှစ်ခွဲကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဦးစီး ဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲသို့တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာအုပ်စု အောင်ချမ်းသိမ်းကျေးရွာ ဓမ္မဓရဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မိုးလုံလေလုံ အားကစားခန်းမနှင့် မြို့နယ်အားကစားကွင်းအား ကြည့်ရှုစစ်ဆေး

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မိုးလုံ လေလုံ အားကစားခန်းမသို့ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ရောက်ရှိလာကာ အဆောက်အဦအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ပြည်နယ်၊ မြို့နယ်၊ မြို့စည်ပင်သာယာရေးအဖွဲ့များနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လျာထား ဆောင်ရွက်မည့် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကွပ်ကဲမှုအောက်ရှိ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်၊ မြို့စည်ပင် သာယာရေးအဖွဲ့များ၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် လျာထားဆောင်ရွက်မည့် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်၊ မြို့နယ်၊ မြို့စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ် သည်။

မိုင်းဖြတ်မြို့နယ်၌ ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်း ​ဆောင်ရွက်​နေမှုအား ကွင်းဆင်းကြည့်ရှုစစ်​ဆေး

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဝင်များသည် ယမန်​နေ့နံနက်ပိုင်းက မြို့နယ်အတွင်း​ဆောင်ရွက်လျက်ရှိသည့် ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။

ကချင်ပြည်နယ်အဆင့် ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကချင်ပြည်နယ် အဆင့် ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးအတွက် ကျင်းပရေး ဦးစီးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ကြသည်။

သဲကုန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက်

မြန်မာနိုင်ငံတစ်ဝန်း ကျန်းမာရေးဝန်ကြီးဌာန၏ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအဖြစ် ဩဂုတ်လရောက်တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရာ သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက် ၉နာရီက အ.ထ.က သဲကုန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ စာဖတ်ဝိုင်းကို ယနေ့မွန်းတည့် ၁၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ “နှလုံးသားကို ဖြူစင်အောင်ထားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်လှစ်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၌ တောင်သူလယ်သမားများအား လယ်ယာလုပ်ငန်ခွင်တွင် လယ်ယာသုံးစက်ကိရိယာများ ပိုမိုသုံးစွဲလာနိုင်ရေးနှင့် ကျွမ်းကျင်စွာ အသုံးချနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို ဩဂုတ် ၈ ရက် နံနက် ၉ နာရီက စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉၀) စက်မှုလယ်ယာစခန်း ဗန်းမော်မြို့၌ သင်တန်းဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
Subscribe to