ပုဇွန်တောင် ဩဂုတ် ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ စာဖတ်ဝိုင်းကို ယနေ့မွန်းတည့် ၁၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က စာဖတ်ဝိုင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာ ဦးလှမြင့်(ဂန္ဓမာ) ရေးသားသည့် “မျက်မှောက် လူနေမှုဘဝ ကျန်းမာရေးလမ်းညွှန်ချက်များ” စာအုပ်ပါအကြောင်းအရာများကို စာပေဝါသနာရှင်များ အလှည့်ကျ ဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် စာပေချစ်သူများက စာပေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ စာပေဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်