ဗန်းမော်မြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်လှစ်

ဗန်းမော် ဩဂုတ် ၈

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၌ တောင်သူလယ်သမားများအား လယ်ယာလုပ်ငန်ခွင်တွင် လယ်ယာသုံးစက်ကိရိယာများ ပိုမိုသုံးစွဲလာနိုင်ရေးနှင့် ကျွမ်းကျင်စွာ အသုံးချနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို ဩဂုတ် ၈ ရက် နံနက် ၉ နာရီက စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉၀) စက်မှုလယ်ယာစခန်း ဗန်းမော်မြို့၌ သင်တန်းဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် ဗန်းမော်ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးငြိမ်းသောင်းက သင်တန်းဖွင့် အမှာစကားပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ဗန်းမော်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူမှ သင်တန်းသား(၃ဝ)ဦး တက်ရောက် သင်ယူကြပြီး ဩဂုတ်လ ၈ ရက်မှ ၁၉ ရက်အထိ ထွန်စက်ကြီးနှင့် ထွန်ယက်ကိရိယာ ဘာသာရပ်၊ လက်တွန်းထွန်စက်ဘာသာရပ်၊ လယ်ယာသုံး စက်ကိရိယာများဘာသာရပ်၊ စက်မှု လယ်ယာစနစ်တကျ လယ်ယာမြေဖော်ထုတ်ခြင်း၊ ထွန်စက်နှင့် ထွန်ယက်ကိရိယာ ထိန်းသိမ်းမှု၊ စသည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဗန်းမော်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းထံမှ သိရသည်။

ဗန်းမော်(ပြန်/ဆက်)