မိုင်းဖြတ်မြို့နယ်၌ ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်း ​ဆောင်ရွက်​နေမှုအား ကွင်းဆင်းကြည့်ရှုစစ်​ဆေး

မိုင်းဖြတ် သြဂုတ် ၉

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့  ဥက္ကဋ္ဌနှင့်  မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဝင်များသည် ယမန်​နေ့နံနက်ပိုင်းက မြို့နယ်အတွင်း​ဆောင်ရွက်လျက်ရှိသည့် ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ​အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဝင်များသည် တော်ဝင်မိုင်းဖြတ် နဂါးကုမ္ပဏီလီမိတက်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်  ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ (၁၁၃.၂၀)ကျပ်သန်းဖြင့်​ ဆောင်ရွက်သည့် အလျား ၉၀​ပေ၊ အနံ၃၀​ပေRC(၁)ထပ်အမျိုးအစားရှိ ဆိုက်​ခေါင်မူလွန်​ကျောင်း​ဆောင်သစ် ​ဆောင်ရွက်​နေမှုအ​ခြေအ​နေများကို ကြည့်ရှုစစ်​ဆေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့  ဥက္ကဋ္ဌ သည် တာဝန်ရှိသူများနှင့်အတူ   ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ (၇၅.၄၅) ကျပ်သန်းဖြင့် တော်ဝင်မိုင်းဖြတ် နဂါးကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်သည့် အလျား ၆၀​ပေ၊ အနံ ၃၀​ပေ RCတစ်ထပ် အမျိုးအစားရှိ လကတ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) ​ဆောင်ရွက်​နေမှုအ​ခြေအ​နေများကို ကြည့်ရှုစစ်​ဆေးခဲ့ရာ  တာဝန်ယူ​ဆောင်ရွက်သည့် ကုမ္ပဏီမှ လုပ်ငန်းအ​ခြေအ​နေများ ​ရှင်းလင်းတင်ပြခဲ့ရာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီ​ဆောင်ရွက်ပြီးစီး​​ရေးတို့ကို မှာကြားခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)