မြောက်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ “နှလုံးသားကို ဖြူစင်အောင်ထားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မြောက်ဥက္ကလာပ ဩဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ် Book Club စာပေချစ်မြတ်နိုးသူများ စုစည်း၍ စာရေးဆရာကျော်ကျော်လှိုင် ရေးသားသည့် “နှလုံးသားကိုဖြူစင်အောင်ထားပါ” စာအုပ်ပါ အကြောင်းအရာများကို မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်(သိန်းဝင်းဇော်) က ဦးဆောင်ဆွေးနွေးခဲ့ပြီး စာပေဝါသနာရှင်များက အပြန်အလှန် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် စာပေချစ်သူများက စာပေနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ စာပေဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

လှလှထွေး