လောင်းလုံးမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်း အသင်းပေါင်းစုံ အသက်(၁၈)နှစ်အာက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျင်းပပြုလုပ်သော အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံအမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က အ-ထ-က၊ ကမြောကင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည်။

မိုးကောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျေင်းသားကျောင်းသူများနှင့် သင်ကြားပေးသည့်ဆရာဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများနှင့် သင်ကြားပေးသည့်ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီတွင် အထက(၁)ကျောင်း မဉ္ဇူသကခန်းမ၌ ကျင်းပခဲ့သည်။

တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုပြန်လည်ကျဆင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှု ဖြစ်ပေါ်ခဲ့ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာယနေ့နံနက် အစောပိုင်းမှစ၍ မိုးရွာသွန်းမှုရပ်တန့်ပြီး ရေများပြန်လည်ကျဆင်းလျက်ရှိရာ သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စစ်တွေမြို့၊ အဓိဋ္ဌာန်ဆရာတော်ကြီး ဘဒ္ဒန္တကုလရက္ခိတ၏ သက်တော်(၇၅)နှစ်ပြည့် စိန်ရတုဝိဇာတ မွေးနေ့မင်္ဂလာပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း တက်ရောက်ပူဇော်

ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊ ကျေးဇူးတော်ရှင် မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန်ဆရာတော် ဘဒ္ဒန္တကုလရက္ခိတ မဟာထေရ်မြတ်ကြီး၏ သက်တော် (၇၅)နှစ်ပြည့် စိန်ရတုဝိဇာတ မွေးနေ့အလှူမင်္ဂလာပွဲတော်ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ မဟာဇေယျသိဒ္ဓိသိမ်တော်ကြီး၌ အဓိဋ္ဌာန်သာသနာပြုအဖွဲ့မှ ဦးဆောင်ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် အလှူရှင်များ တက်ရောက်ပူဇော်ကြသည်။
Subscribe to