သာကေတမြို့နယ်တွင် စျေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများရောင်းချပေးလျက်ရှိ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ နေထိုင်ကြသည့် မိဘပြည်သူများစားသုံးဆီကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီမံဆောင်ရွက်မှုဖြင့် Six Winner Brothers Oil Co.,Ltd မှတာဝန်ခံနှင့် အဖွဲ့ဝင်များသည် စားသုံးဆီများကို မိဘပြည်သူများလက်ဝယ်သို့အရောက် သက်သာသော နှုန်းထားတို့ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ၆၆/၆အား Software Program ရေးသွင်းခြင်းလုပ်ငန်းများအားဆောင်ရွက်  

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)ကို Software Program ထည့်သွင်းဆောင်ရွက်နေမှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့် ခရိုင်လဝကမှူးတို့မှ  ယမန်နေ့နံနက် (၁၀)နာရီအချိန်က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၃) အခြေခံပညာ မူလတန်းကျောင်း၌ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်၍

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌  ကျောင်းကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူ ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁၈) အခြေခံပညာ မူလတန်းကျောင်းတို့တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် စားသုံးဆီများ mobile ဈေးကားဖြင့် လာရောက်ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ ရပ်ကွက်‌နေပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူ စားသုံးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဆီကုန်သည်ကြီးများနှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဉ်မှုဖြင့် Diamond Dragon Co.,Ltd မှ ယနေ့ နံနက်ပိုင်းက (၄၁)တိုးချဲ့ရပ်ကွက်၊ ဦးဝိစာရလမ်းမ၌ စားအုန်းဆီများအား လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူကြသည့် လူနာများအတွက် စုပေါင်းသွေးလှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံးကြီး၌ တက်ရောက်ဆေးကုသမှု ခံယူကြသည့် လူနာများ၏ သွေးလိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ယမန်နေ့ နံနက် ၉ နာရီက စုပေါင်းသွေးလှူဒါန်းကြသည်။

သာကေတမြို့နယ်ရှိ ပတ္တမြား(အခမဲ့)ကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါးများနှင့် ဆေးဝါးအထောက်အကူပြုပစ္စည်းများလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁၀၈)တောင်စေတီတော်အနီးရှိ ပတ္တမြားစာသင်တိုက်ခွဲတွင် ဖွင့်လှစ်ထားသည့် ဆရာတော်များ ဦးစီးသော ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ဖြစ်သည့်” ပတ္တမြားအခမဲ့ကုသိုလ်ဖြစ်ဆေးခန်း”သို့ ဆေးဝါးများနှင့်ဆေးဝါး အထောက် အကူပြု ပစ္စည်းများကိုတတိယအကြိမ် လှူဒါန်းပေးအပ်ခြင်းကို ယနေ့နံနက်(၁၁:၃၀)အချိန်က အဆိုပါဆေးခန်း၌ ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ကုသရေးစင်တာ (Quarantine Centre) ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁၄၅)ရပ်ကွက်ရှိ အောင်မြင့်မိုရ် အိမ်ရာတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ကုသရေးစင်တာ ပြန်လည်ဖွင့်လှစ်နိုင်ရေး  ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

နောင်ချိုမြို့နယ်၊ ကျောက်တော အ.လ.ကကျောင်းနှင့် မူလွန် အ.မ.ကကျောင်းတို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း၊ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက မျက်ချင်းနုမူလွန်ကျောင်း၌ လည်းကောင်း၊ နေ့လယ် ၁ နာရီအချိန်က ကျောက်တော အ.လ.က ကျောင်း၌လည်းကောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ယမန်နေ့က လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို မိုင်းပျဉ်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ (၂)နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to