ကျိုက်မရောမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအတွက် ယူးရီးယား ဓါတ်မြေသြဇာအိတ်များ စျေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးမည်

ကျိုက်မရော သြ ဂုတ် ၁၄

မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီစပါးသီးနှံ စိုက်ပျိုးမှုနှင့် မျိုးစေ့ထုတ်လုပ်မှုလုပ်ငန်း၊ မိုးစပါးနည်းပညာပေးစံပြ စိုက်ကွက်များအတွက် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှထုတ်လုပ်သည့် ယူးရီးယားဓါတ်မြေသြဇာအိတ်များကို ပထမအကြိမ် ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယူးရီးယားဓါတ်မြေသြဇာများကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်  ဇူလိုင်လအထိ စပါးစိုက်ပျိုးပြီးစီးသည့် ကျေးရွာများနှင့်  မိုးစပါးနည်းပညာ စံပြစိုက်ကွက် များ အတွက်ခွဲတမ်းရရှိထားသည့် ယူးရီးယား မြေသြဇာအိတ် (၈၇၁)အိတ်အာ အစိုးရ၏သတ်မှတ်စျေးနှူန်းများအတိုင်း တောင်သူများ ထံစျေးနှူန်းချိုသာစွာဖြင့်  သြဂုတ် ၁၄ရက်မှ စတင်ကာ ၂၀၂၃ ခု ဖေဖေါ်ဝါရီလအထိ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ရာ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနရှိ မြေသြဇာသိုလှောင်ရုံ၌ လာရောက်ဝယ်ယူနိုင်ပြီးဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးလှတင်မောင်၏ ပြောပြချက်အရ သိရှိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)