မော်လမြိုင်ကျွန်းမြို့နယ်တွင် တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးခြင်း နည်းလမ်းများ အသိပညာပေး Talk Show ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လုထုအခြေပြုဗဟိုဌာန Community Centre တွင် မနောသိဒ္ဓိ တိုင်းရင်းဆေးဆရာမမှ တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးခြင်း နည်းလမ်းများ အသိပညာပေး Talk Show အစီအစဉ်အား ယမန်နေ့ညနေ ၄ နာရီအချိန်က ဆောင်ရွက်သည်။

မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း ထိုးနှံရေးအသိပေးကြေညာ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အပိုထပ်ဆောင်း ထိုးနှံကြရန် ယမန်နေ့ည ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးကြေညာခဲ့ကြသည်။

ကျွန်းလှမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ဒုတိယအပတ်အဖြစ် အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၈ နာရီက မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာကြံ့ခိုင်စေရန် ပြိုင်ပွဲများကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက်အား ကစားပြိုင်ပွဲများကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းသော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေး ရည်ရွယ်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက် ရှိရာ ယမန်နေ့က တမွှတ်ကျေးရွာအုပ်စု၊ ကျွန်းကြားအခြေခံမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် မိုင်းအန္တရာယ် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မိုင်းအန္တရာယ်အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်တွင် ငရုတ်သီးဈေး မြင့်တက်နေ၍  တောင်သူများ တိုးချဲ့ စိုက်ပျိုးလာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ငရုတ်သီးဈေး မြင့်တက်နေသောကြောင့် တောင်သူများ တိုးချဲ့စိုက်ပျိုးလာကြကြောင်း ဒေသခံ ငရုတ်စိုက် တောင်သူများထံမှ သိရသည်။

ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့က ငန်းပြားကျေးရွာအုပ်စု၊ ငန်းပြားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်း (၄)နာရီ အချိန်က ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လောင်က ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန်တုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ဝပ်ရှော့ပြင်သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဆိုင်ကယ်ဝပ်ရှော့ပြင် သင်တန်းအား ပလောင်ခန်းမ၌ သြဂုတ်လ(၁)ရက်နေ့မှ စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to