ညောင်ဦးမြို့တွင် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ညောင်ဦးမြို့တွင် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ ညောင်ဦး ဒီဇင်ဘာ ၁၇ ကိုဇော်(ဓာတု)

မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန် အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်တွင် မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့်  ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကဒါရပ်ကွက်၊ မင်္ဂလာဈေး၌ ပြုလုပ်သည်။

မြို့သစ်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ၊အခြေခံပညာအထက်တန်းကျောင်းတွင် “ကျွန်ုပ်တို့ကလေးများ၏ အနာဂတ်လုံခြုံစိတ်ချနိုင်ရန် ကလေးလုပ်သားခိုင်းစေခြင်းကို အဆုံးသတ်ခြင်းဖြင့် စတင်လုပ်ဆောင်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/ကျောင်းသူများ ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရေးအတွက် နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့၊ နေ့လည်(၁)နာရီက မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တလုံးကြီးမြို့တွင် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ပြည်သူများ အသိပညာဗဟုသုတရရှိပြီး စာဖတ်သောအလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်အလိုက်ပြိုင်ပွဲများ  ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ်၊ အားကစားခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်အလိုက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုတ်၊ ဘော်လီဘော၊ ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်များ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်အရ တီဘီရောဂါစစ်ဆေးရှာ‌ဖွေဖော်ထုတ်ခြင်းကို ယမန်နေ့နံနက်မှစတင်ကာ သထုံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖျာပုံမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဖျာပုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။

ကလေးမြို့ ဘိုးဘွားရိပ်သာရှိ အဖိုးအဖွားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ‌ကလေးခရိုင်၊ ကလေးမြို့ ဘိုးဘွားရိပ်သာရှိအဖိုးအဖွားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးမှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့မှ ဆရာဝန်များနှင့် သူနာပြုများက ကျန်းမာရေးစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာနအဖွဲ့အစည်းများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေစာရင်းများ စိစစ်ညှိနှိုင်းရေးအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာနအဖွဲ့အစည်းများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေစာရင်းများ စိစစ်ညှိနှိုင်းရေးအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to