ရပ်စောက်မြို့၌ လူငယ်နှင့်စာဖတ်ခြင်းအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရပ်စောက် ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် လူငယ်နှင့်စာဖတ်ခြင်းအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးများက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်ဖြင့် စာဖတ်ခြင်းသည် အသိပညာနယ်နိမိတ်ကို ချဲ့ထွင်နိုင်ခြင်း၊ စာဖတ်ခြင်းသည် စိတ်နှလုံးကို နူးညံ့စေပြီးရုံသာမက ဦးနှောက်ကိုလည်း အသိတရားများတိုးပွားစေနိုင်ကြောင်း၊ ဗဟုသုတများရရှိ‌စေနိုင်ကြောင်းနှင့်  အတွေးအမြင်များ တွင်ကျယ်လာလာနိုင်ကြောင်းကို ဟောပြောခဲ့သည်။

၎င်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတရရှိ‌စေရန်အတွက် ‌ဆေးလိပ်အန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကွမ်းစားခြင်းအသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)