ဓနုဖြူ စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ပြည်သူများ ပလတ်စတစ်အိတ် သုံးစွဲမှု လျော့နည်းစေရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှု ရှိစေရေး စီစစ်ကြပ်မတ်စစ်ဆေးခြင်းကို ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၆ နာရီအချိန်မှ စတင်၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း စျေးရောင်းချသူများအနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များအစား အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူတို့ဖြင့် သင့်တော်ရာအစားထိုး ထုတ်ပိုးသုံးစွဲစေရေးအတွက် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လက်ကိုင်စပီကာများဖြင့် ပြည်သူများ ပါဝင်ဆောင်ရွက်ပေးနိုင်ရေး လိုက်လံအသိပေး နှိုးဆော်လျက်ရှိကြောင်းနှင့် လိုက်နာဆောင်ရွက်မှု ရှိစေရေး မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဈေးကော်မတီဝင်များမှ လိုက်လံကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)